ဆီးသွားနည်းနေတာ ဘာကြောင့်လဲ
ဆီးသွားတာ နည်းနေပြီလား? ဆီးသွားတာ နည်းလာတာ ဆီးသွားတဲ့အခါ ဆီးပမာဏ နည်းလာတာက ကျောက်ကပ်တွေက ဆီးကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်ဘူးဆိုတာကို ဖော်ပြနေတာပါ။ အကြောင်းအရင်းအားဖြင့်ကတော့ ရေသောက်နည်းတာကြောင့် ကိုယ်ထဲမှာ ရေဓာတ်နည်းလာတာ ဖြစ်နိုင်သလို ဆီးလမ်းကြောင်းမှာ ပိတ်ဆို့မှု ဖြစ်နေတာ၊ အချို့သော ဆေးဝါးတွေကြောင့် ဖြစ်နေနိုင်ပါတယ်။
ဒီတော့ ကိုယ်တိုင်မှာ ဆီးသွားနည်းနေတာက ဘာအချက်တွေကြောင့် ဖြစ်မလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ် ကြည့်နိုင်ဖို့ စာကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
ဆီးသွားနည်းတယ်ဆိုတာက ဆီးသွားတဲ့ အကြိမ်ရေ ပမာဏ နည်းလာတာပါ။ ကျန်းမာတဲ့ သူတစ်ဦးက တစ်နေ့တာ ၂၄ နာရီအတွင်းမှာ ဆီး ၆ ကြိမ်ခန့် သွားပါတယ်။ ဆီးသွားနည်းလာတယ်ဆိုတာက အရွယ်ရောက်ပြီးသူမှာ ဒီပမာဏထက် နည်းလာတာမျိုးကို ဆိုလိုချင်တာပါ။
ဆီးသွားနည်းလာတာ ဘာကြောင့်များလဲ?
ဆီးသွားနည်းတာက တစ်ခါတလေမှာတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ အချက်ပြလက္ခဏာတွေ ဖြစ်နေတတ်ပါတယ်။
ရေဓာတ်နည်းနေတာ
ရေဓာတ်နည်းနေတာက ဆီးသွားနည်းနေရခြင်းရဲ့ အဖြစ်အများဆုံး လက္ခဏာ တစ်ရပ်ပါ။ ဝမ်းပျက်တာ၊အန်တာ နဲ့ အခြားသော အဖျားရောဂါတွေကြောင့် ကိုယ်ထဲက ရေဓာတ်နည်းသွားချိန်မှာ လိုအပ်တဲ့ ရေဓာတ်ကို ပြန်အစားမထိုးနိုင်ဘူးဆိုရင်တော့ ဆီးသွားနည်းတာကို ခံစားရမှာပါ။
ပိုးဝင်ကူးစက်နေတာ
ကိုယ်တွင်းကို ပိုးဝင်ကူးစက်တာက ဆီးသွားနည်းစေနိုင်ပါတယ်။ ဒီအခြေအနေက ခန္ဓာကိုယ်ကို shock ရစေနိုင်ပြီး ကိုယ်တွင်းအင်္ဂါတွေဆီ သွေးရောက်ရှိမှု နည်းသွားစေတာကြောင့် ဆီးသွားနည်းသွားတာပါ။ ဒီအခြေအနေက ချက်ချင်း ကုသမှု ခံယူဖို့ လိုပါမယ်။
ဆီးလမ်းကြောင်းမှာ ပိတ်ဆို့နေတာ
ဆီးလမ်းကြောင်းမှာ ပိတ်ဆို့နေတာက ဆီးတွေကို ကုန်စင်အောင် စွန့်လို့မရဘဲ။ ကျောက်ကပ် ၁ ခု ဒါမှမဟုတ် ၂ ခုစလုံးရဲ့ ဆီးအဖြစ် စွန့်ထုတ်မှုကို ကျဆင်းစေနိုင်ပါတယ်။
ဒီအခြေအနေကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေက
- ဆီးကျိတ်ကြီးခြင်း
- လိင်တံထိပ်အရေပြား ကျပ်တာ
- ဆီးကျောက်တည်တာ
- ဆီးကျိတ်ကင်ဆာ
- ဝမ်းချုပ်တာ
- ဝမ်းဗိုက်မြှေးနောက်ဖက်ပိုင်း အကျိတ် ရောင်ရမ်းခြင်း
- ဆီးအိမ်ပြဿနာတွေကြောင့်ပါ။
ဆေးဝါးတွေ
အချို့သော ဆေးဝါးတွေက ကျောက်ကပ်ကို ထိခိုက်စေပြီး ဆီးသွားနည်းစေပါတယ်။ ဥပမာ ဆီးဆေး၊ စတီးရွိုက်မပါတဲ့ အရောင်ကျဆေး၊ သွေးကျဆေး၊ ပိုးသတ်ဆေး စတာတွေပါ။ ဒီဆေးတွေကြောင့် ဆီးသွားနည်းတာဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြန်ညှိတာမျိုး လုပ်ပေးပါ။
ဆီးသွားနည်းတာနဲ့အတူ ခေါင်းထဲက ညီးစီစီဖြစ်တာ၊ နှလုံးခုန်မြန်တာ၊ ခေါင်းထဲက ပေါ့ပေါ့ကြီးနဲ့ မူးတာ၊ အရည်တွေ စုလာတာ၊ သွေးလည်ပတ်မှု နည်းတာကြောင့် သွေးပေါင်ချိန် မငြိမ်တာမျိုး ဖြစ်မယ်ဆိုရင်တေ့ မြန်နိုင်သမျှ မြန်မြန် ကုသမှု ခံယူပေးပါ။
မွန်မွန်